Video News (15 October 2024)

မြော်လင့်ခြင်း မြန်မာပြည်လုံးဆိုင်ရာ သာသနာလှုပ်ရှားမူ ဗီဒီယို သတင်း_ 20241015_News

ဧရာဝတီတိုင်းသာသနာတွင် ဉပုသ်စာဖြေနှင့် ဝိညာဉ်တော်စာပေမြင့်တင်ရေး အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ – အောက်တိုဘာလ ၂ နေ့တွင် မအူပင်သာသနာနယ်၊ မြဂိုးအသင်းတော်တွင်လည်းကောင်း၊ အောက်တိုဘာလ ၃ – ၆ နေ့တွင် ကျုံပျော်သာသနာနယ်၊ ကျွန်းတော်စုအသင်းတော်တွင်ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်ကို မြန်မာယူနီယံဉပုသ်စာဖြေနှင့် တစ်ဉီးချင်းသာသနာပြုလုပ်ငန်းဌာနညွှန်ကြားရေးမှူး Pr. U Tin Maung Kyi၊ မြန်မာယူနီယံ ပုံနှိပ်ထုတ်ဝေရေးနှင့် ဝိညာဉ်တော်စာပေသာသနာလုပ်ငန်းဌာန ညွှန်ကြားရေးမှူး Pr. U Than Aung Tun၊ ဧရာဝတီတိုင်းမှ ဉပုသ်စာဖြေနှင့်တစ်ဦးချင်းသာသနာပြုလုပ်ငန်းဌာနညွှန်ကြားရေးမှူး Pr. U Yan Paing Myo တို့မှ သင်တန်းပို့ချပေးခဲ့ပြီး မအူပင်နှင့် ကျုံပျော်သာသနာနယ်တွင်ရှိသော အမှုဆောင်များ၊ မြဂိုအသင်းတော်နှင့် ကျွန်းတော်စုအသင်းတော်တွင်ရှိသော အသင်းထောက်၊ အသင်းထောက်မယ်နှင့် အသင်းသူ အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။

SSD Wide Master Guide Convention ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃-၇ ရက်နေ့အထိ Malaysiaနိုင်ငံ Port Dicksonတွင် ပြလုပ်ကျင်းပခဲ့ပါသည်။ ဤအစီအစဉ်ကို General Conferenceနှင့် SSD မှ Youth Director များမှ လာရောက်ပြီး သင်တန်းပို့ချခဲ့ပြီး သင်တန်းသား (၆၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံလူငယ်သာသနာဌာနညွှန်ကြားရေးမှူး Pr. Mang Sian Tuang အပါအဝင် စုစုပေါင်း (၉)ဉီး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဧရာဝတီတိုင်းသာနာ ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ  (၇) ရက်နေ့တွင် မအူပင်နယ် မအူပင်မြို့တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤအစီအစဉ်ကို ဆရာမကြီး ဒေါက်တာနန့်ထွေးလေးနှင့်အတူ Medical Missionary အဖွဲ့သားများ ပါဝင်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအကြံပြုပညာပေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

လူငယ့်အသံတရားပွဲအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂-၁၉ရက်နေ့အထိ အရှေ့တောင်တိုင်းသာသနာနယ် ဘားအံအသင်းတော်တွင်  ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်ကို ဘားအံသာသနာ၏ နယ်စီးဖြစ်သော Pr. U Maung Htoမှ ဦးဆောင်ပြီး ဘားအံအသင်းတော်ရှိ ဆရာ၊ ဆရာမများ၊ လူငယ်လူရွယ်များ၊ အသင်းသူအသင်းသားများနှင့် ဧည့်သည်များတက်ရောက်ခဲ့ကြပါသည်။