မြော်လင့်ခြင်း မြန်မာပြည်လုံးဆိုင်ရာ သာသနာလှုပ်ရှားမူ ဗီဒီယို သတင်း_ 20241031_News
- ဧရာဝတီတိုင်းသာသနာမှာ ပြုလုပ်သည့် လူငယ့်အသံတရားပွဲ-
လူငယ့်အသံတရားပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဧရာဝတီတိုင်း ပုသိမ်အရှေ့နှင့် ရာပန်းကုန်းအသင်းတော်တွင် ပြုလုပ်လျက်ရှိနေပါသည်။ ဒီတရားပွဲကိုတော့ ဧရာဝတီတိုင်း လူငယ်သာသနာဌာနညွှန်ကြားရေးမှူးဖြစ်သည့် Pr. U Kennedy Thein နှင့်အတူ Pr. U Simon တို့မှ ဦးဆောင်ပြီး ရာပန်းကုန်းအသင်းတော်ရှိ လူငယ်လူရွယ်များ၊ အသင်းသူ၊ အသင်းသားများတက်ရောက်ခဲ့ကြပါသည်။
- အရှေ့တောင်တိုင်းသာသနာတွင် ပြုလုပ်သည့် Lay Led Evangelistic Meeting-
Lay Led Evangelistic Meeting ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉-၂၆ ရက်နေ့အထိ ကမမောင်းသာသနာနယ် ရွာသစ် လေးခေါ့ထီတွင် ပြုလုပ်ခဲ့ပါသည်။ ဒီ meeting ကို ကမမောင်းသာသနာနယ်၏ နယ်စီးဖြစ်သည့် ပါစတာ အောင်ဒိုးဇန်၊ ဆရာဦးပေါလ်ကျော်၊ ဆရာအယ့်သာကလယ်နှင့် ဆရာဦးသာဝါးတို့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ရွာသစ်လေးခေါ့ထီတွင်ရှိသော အသင်းသူ၊ အသင်းသားများတက်ရောက်ခဲ့ကြပါသည်။ ဒီအပြင် လူငယ့်အသံတရားပွဲကိုလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄-၃၀ ရက်နေ့အထိ အရှေ့တောင်တိုင်း မြဝတီသာသနာနယ် ထီးဖိုးသံကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဒီတရားပွဲကို ထီးဖိုးသံကျောင်းတွင်းရှိသော ဆရာ၊ ဆရာမများမှ ဦးဆောင်ပြုလုပ်ခဲ့ကြပြီး အသင်းသူ၊ အသင်းသားများ၊ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။
- အလယ်ပိုင်းတိုင်း၊ တောင်ငူမြို့တွင်း သာသနာလှုပ်ရှားမှု-
အလယ်ပိုင်းတိုင်းသာသနာ၏ ဥက္ကဌဖြစ်သည့် Pr. U Kalu Mu Paul နှင့်အတူ ASAP အမှုတော်ဆောင်များ လက်တွဲလုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်သူအသစ် (၃၂)ဦး ယေရှုခရစ်တော်ကို မိမိကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့ပါသည်။ ယခုအချိန်တွင် ဒီယုံကြည်သူအသစ် (၃၂)ဦးကို သမ္မာကျမ်းစာကို ပိုမိုလေးနက်စွာသိရှိလာနိုင်ဖို့ Pr. U Kalu Mu မှ အောက်တိုဘာလ (၂၈) ရက်နေ့ကနေ နိုဝင်ဘာလ (၂)ရက်နေ့အထိ သမ္မာကျမ်းစာကို တစ်ပတ်တာပတ်လုံး ဆက်လက်သင်ကြားပေးလျက်ရှိပါသည်။ ဒီအပြင် တောင်ငူအသင်းတော် ဌာနချုပ်အနီးတွင်ရှိသည့် မယုံကြည်သူဓမ္မမိတ်ဆွေများစွာသည် အပတ်စဉ် ဉပုသ်နေ့တိုင်းတွင် ဘုရားရှင်ကို လာရောက် ဝတ်ပြုကိုးကွယ်ကြသည့်အတွက် ဝိညာဉ်တော်ဘုရားသူတို့၏ စိတ်နှလုံးထဲတွင် စကားပြောပြီး အလုပ်လုပ်ဖို့ရန်အတွက် ဝိုင်းဝန်းဆုတောင်းပေးကြဖို့ရန်အတွက် မေတ္တာရပ်ခံအပ်ပါသည်။
- အထက်မြန်မာပြည်၏ သာသနာ့လှုပ်ရှားမှုအကြောင်း-
မြန်မာယူနီယံ လူငယ့်သာသနာဌာနညွှန်ကြားရေးမှူးဖြစ်သည့် Pr. U Mang Sian Tuang နှင့် အတူ အထက်မြန်မာပြည်သာသနာဌာန ဥက္ကဌဖြစ်သည့် Pr. U Thang Khang Lo ၊ Pr. Tuan Suan Kimနှင့် Saya Pau Boih တို့သည် Leivomzang(လေးဗွန်ဇန်) နှင့် Thamatin(ထန်မသီ)တွင်ရှိသော Global Mission Worker များဖြစ်ကြသည့် Saya Joshua Khai Khaw Lun(ခိုင်ခေါလွန်း)နှင့် Sayama Vah Neih Ling(ဗန်နိတ်လင်) တို့ ထံသို့သွားရောက်ပြီး လည်ပတ်အားပေးခြင်း၊ ဆုတောင်း ကောင်းကြီးတောင်းခံပေးခြင်း၊ သာသနာ့လုပ်ငန်းများအတွက် ဆွေးနွေးပေးခြင်းများ၊ ညွှန်ကြားပေးခြင်းများ၊ လိုအပ်သည်များကို ပြင်ဆင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
- AWR အမှုဆောင်များ၏ သာသနာ့လှုပ်ရှားမှု-
မြော်လင့်ခြင်းအသံရေဒီယို မြန်မာပိုင်း အစီအစဉ်၏ Producer ဖြစ်သည့် Pr. U Tin Maung San နှင့်အတူ စကောကရင်အစီအစဉ်၏ Producer ဖြစ်သည့် Saya Saw Eh Kata တို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆-၁၉ ရက်နေ့အထိ အလယ်ပိုင်းတိုင်းသာသနာ (၇၇)မိုင်တွင် Cottage Meeting ကို သွားရောက်ပြုလုပ်ခဲ့ကြပါသည်။ ဒီ meeting တွင် ညပိုင်းအစီအစဉ်အနေနဲ့ Cottage Meeting ကို လုပ်ဆောင်ခဲ့ပြီး မနက်ပိုင်းအစီအစဉ်တွင်း ကလေးသူငယ်များကို ဓမ္မသီချင်းများ သင်ကြားပေးခြင်း၊ သမ္မာကျမ်းစာများသင်ကြားပေးခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြပါသည်။