မြော်လင့်ခြင်း မြန်မာပြည်လုံးဆိုင်ရာ သာသနာလှုပ်ရှားမူ ဗီဒီယို သတင်း_ 20241120_News
- ဧရာဝတီတိုင်း၊ အနောက်ရိုးမသာသနာတွင်ပြုလုပ်သည့် တရားပွဲအကြောင်း-
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ – ၁၆ ရက်နေ့အထိ ဧရာဝတီတိုင်း၊ အနောက်ရိုးမသာသနာနယ်၊ ပိတော်ကုန်းအသင်းတော်တွင် သာမန်အသင်းသားတရားပွဲကို ပြုလုပ်ခဲ့ပါသည်။ ဒီတရားပွဲကို အနောက်ရိုးမသာသနာနယ်၏ နယ်စီးဖြစ်သည့် Pr. U Mercy မှ ဦးဆောင်ပြီး သာမန်အသင်းသားများမှ တရားဒေသနာကို ဝေငှခဲ့ပြီး ပိတောက်ကုန်းအသင်းတော်ရှိ ဆရာ၊ ဆရာများ၊ ကလေးသူငယ်များနှင့် အသင်းသူအသင်းသားများ တက်ရောက်ခဲ့ကြပါသည်။
- CMM Adult and Children Sabbath School Teachers Training-
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့အထိ အလယ်ပိုင်းသာသနာ၊ တောင်ငူအသင်းတော်ဌာနချုပ်တွင် “Adult and Children Sabbath School Teachers Training” ကို ပြုလုပ်ခဲ့ပါသည်။ ဒီ training ကို MYUM Sabbath School and Personal Ministry Director ဖြစ်သည့် U Tin Maung Kyiနှင့် MYUM Children and Ministeries Spouses Association Director ဖြစ်သည့် Sayama Daw Cho Cho Paul တို့မှ ဦးဆောင်သင်တန်းပေးခဲ့ပြီး တောင်ငူဌာနချုပ်ရှိ officer များ၊ director များ၊ အလယ်ပိုင်းတိုင်းသာသနာနယ်ရှိ အမှုဆောင်များနှင့် ဓမ္မဆရားဇနီးများတက်ရောက်ခဲ့ကြပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့ ဉပုသ်တော်နေ့တွင် (၁၁)ကြိမ်မြောက် မန္တလေးနယ် အမျိုးသမီးများ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို အထက်မြန်မာပြည်သာသနာ၊ ပြင်ဦးလွင်အသင်းတော်ဌာနချုပ်တွင်ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်ကို UMM Woman and Families Department Director ဖြစ်သည့် Sayama Daw Ohmaw San မှ သတင်းစကားကို ဝေငှခဲ့ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အနီးစခန်း၊ ပြင်ဦးလွင်တွင်ရှိသော အမျိုးသမီးများ စုပေါင်းပြီး ဝတ်ပြုကိုးကွယ်ခဲ့ကြပါသည်။
