Women Mental Health Seminar and Revival Meeting

အထက်မြန်မာပြည် ပြင်ဦးလွင်တွင် အမျိုးသမီး စိတ်ကျန်းမာရေးနှင့် နိုးထရေး အထူးအစီအစဉ် ကျင်းပပြုလုပ်

ပြင်ဦးလွင်၊ နိုဝင်ဘာ ၁၄

အထက်မြန်မာပြည်၊ ပြင်ဦးလွင် အသင်းတော် ဘုရားကျောင်း၌ အမျိုးသမီးများအတွက် စိတ်ဓာတ်နှင့် စိတ်ကျန်းမာရေးဆိုင်ရာ Women Mental Health Seminar and Revival Meeting ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်မှ (၁၃) ရက်နေ့အထိ (၂) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းနှင့် အထူးနိုးထရေး အစီအစဉ်ကို အမျိုးသမီးသာသနာဌာနနှင့် ကျန်းမာခြင်းသာသနာဌာန ညွှန်ကြားရေးမှူး ဆရာမကြီး Daw Do Kaang Cing နှင့် ဘဏ္ဍာစိုးသာသနာဌာန ညွှန်ကြားရေးမှူး Pr. U Gim Lam Cin တို့မှ အဓိက ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ မန္တလေးသာသနာနယ်နှင့် ရှမ်းသာသနာနယ်တို့မှ ဖိတ်ကြားထားသော အမျိုးသမီး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည့်အပြင် မြန်မာယူနီယံ ကျန်းမာခြင်းသာသနာဌာန ညွှန်ကြားရေးမှူး ပါစတာ ဦးစောဆဲနေညွှန့် ကလည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက် အားဖြည့်ပေးခဲ့သည်။

ယခုပြုလုပ်သည့် Seminar မှတစ်ဆင့် တက်ရောက်လာသူ အမျိုးသမီးများ၏ စိတ်ကျန်းမာရေး ပညာပေး အသိအမြင်များ တိုးတက်လာရေးနှင့် စိတ်ဓာတ်ရေးရာ နိုးထ ခွန်အားရရှိရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။