God First သာသနာပြု တရားပွဲ

မြသာကုန်းအသင်းတော်၌ God First သာသနာပြု တရားပွဲကျင်းပ၊ (၈) ဦး ဗတ္တိဇံယူ လက်ခံ

နိုဝင်ဘာ ၁၆

မြန်မာယူနီယံဌာနချုပ်၊ ဘဏ္ဍာစိုးသာသနာဌာန ညွှန်ကြားရေးမှူး Pr. U Lal Ruat Liana ဦးဆောင်ကျင်းပသည့် “God First” (ဘုရားသခင်ကို ပထမနေရာ၌ ထားခြင်း) သာသနာပြု တရားပွဲကြီးကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှ (၁၅) ရက်နေ့အထိ အလယ်ပိုင်းတိုင်း၊ မြသာကုန်းအသင်းတော်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တရားပွဲသို့ မြသာကုန်းအသင်းတော်ရှိ အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘဝအတွက် ဝိညာဉ်ရေးရာ ခွန်အားများစွာ ရရှိခဲ့ကြသည်။

ယခုပြုလုပ်သည့် “God First” တရားပွဲမှတစ်ဆင့် သခင်ခရစ်တော်ကို မိမိတို့၏ ထာဝရ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံသူ (၈) ဦး ပေါ်ထွက်ခဲ့ပြီး ဗတ္တိဇံ မင်္ဂလာ ခံယူခဲ့ကြကြောင်း သတင်းရရှိသည်။