ထားဝယ်၊ ဆင်ဂူးအသင်းတော်၌ Health Evangelistic Meeting အထူးအစီအစဉ် ကျင်းပ
ထားဝယ်၊ နိုဝင်ဘာ ၁၆
အရှေ့တောင်တိုင်း သာသနာဌာနချုပ်၏ ကျန်းမာရေးသာသနာဌာန ညွှန်ကြားရေးမှူး ပါစတာ ဦးစိန်ထွန်း ဦးဆောင်ကျင်းပသည့် Health Evangelistic Meeting အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်မှ (၂၁) ရက်နေ့အထိ အရှေ့တောင်တိုင်း၊ ထားဝယ်သာသနာနယ်၊ ဆင်ဂူးအသင်းတော်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဆိုင်ရာ ဧဝံဂေလိ အထူးအစည်းအဝေးသို့ သာသနာနယ်မှ တာဝန်ရှိ ဆရာ/ဆရာမများနှင့် အသင်းသူ/အသင်းသားများ အပြည့်အဝ ပါဝင်တက်ရောက်ခဲ့ကြသည်။
ယခုပြုလုပ်သည့် အစီအစဉ်မှတစ်ဆင့် တက်ရောက်လာသူများအတွက် ကိုယ်ခန္ဓာဆိုင်ရာ ကျန်းမာရေး အသိပညာများနှင့် စိတ်ဓာတ်ရေးရာ ခွန်အားများ တိုးပွားလာစေပြီး သာသနာပြုလုပ်ငန်းများတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။

