Nway Lan Su အသင်းတော် ဘုရားကျောင်းသစ် ဆက်ကပ်အပ်နှံပွဲ

မအူပင်သာသနာနယ်၊ Nway Lan Su အသင်းတော် ဘုရားကျောင်းသစ် ဆက်ကပ်အပ်နှံပွဲ ကျင်းပ

မအူပင်၊ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်း၊ မအူပင်သာသနာနယ်၊ Nway Lan Su အသင်းတော် ဘုရားကျောင်းသစ် ဆက်ကပ်အပ်နှံခြင်း အထူးအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ဥပုသ်တော်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားကျောင်းသစ် ဆက်ကပ်အပ်နှံပွဲသို့ ဧရာဝတီတိုင်းရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဓမ္မအမှုတော်ဆောင်များနှင့် အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြသည့်အပြင် မြန်မာယူနီယံမှ ဘဏ္ဍာရေးမှူး ပါစတာ ဦးစောခဲလေသိန်း၊ World Wide Mission ဒါရိုက်တာ ပါစတာ ဦးဗစ်တာသန်း နှင့် ဓမ္မရေးရာသာသနာဌာန ညွှန်ကြားရေးမှူး ပါစတာ ဦးတင်မောင်ကြည် တို့လည်း ကြွရောက်ခဲ့ကြသည်။ ထို့အပြင် အလှူရှင်ဖြစ်သည့် ဆရာကြီး ဦးမျိုးဝင်းရွှေနှင့် ဇနီး တို့လည်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အလှူရှင် ဆရာကြီး ဦးမျိုးဝင်းရွှေမှ တရားဒေသနာတော်ကို ဟောကြားခဲ့ပြီး ဂုဏ်တော်ချီးမွမ်းခြင်းအစီအစဉ်နှင့် ဆက်ကပ်ဆုတောင်းခြင်းအစီအစဉ်များကို စနစ်တကျ ကျင်းပခဲ့ကြသည်။ ထို့နောက် ဘုရားကျောင်းသစ် တည်ဆောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။