မြော်လင့်ခြင်း မြန်မာပြည်လုံးဆိုင်ရာ သာသနာလှုပ်ရှားမူ ဗီဒီယို သတင်း_20241113_News
- အထက်မြန်မာပြည်သာသနာတွင် ပြုလုပ်သည့် Disciple Making Evangelistic Meeting-
Disciple Making Evangelistic Meeting ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ – ၂၅ ရက်နေ့အထိ အထက်မြန်မာပြည်သာသနာ မြစ်ကြီးနားမြို့နယ်၊ မလိခကျေးရွာ ပြုလုပ်ခဲ့ပါသည်။ ဤ meeting တွင် တရားဒေသနာတော်ကို မြန်မာယူနီယံ ဘဏ္ဍာစိုးဆိုင်ရာညွှန်ကြားရေးမှူး Pr. Shwe Thet Oo၊ ဉပုသ်စာဖြေကျောင်းနှင့် တစ်ဦးချင်းသာသနာပြုညွှန်ကြားရေးမှူး Pr. Tin Maung Kyi၊ အထက်မြန်မာပြည်ဉပုသ်စာဖြေနှင့် တစ်ဦးချင်းသာသနာပြုလုပ်ငန်းနှင့် ဘဏ္ဍာစိုးဆိုင်ညွှန်ကြားရေးမှူး Pr. Peter Zone Yinတို့မှ ဦးဆောင်ဟောကြားခဲ့ကြပါသည်။ နေ့ဘက်တွင်လည်း ကျန်းမာခြင်းစစ်ဆေးပေးခြင်းများလည်း ပြုလုပ်ပေးခဲ့ပါသည်။ ဤအစီအစဉ်တွင် မလိခကျေးရွာရှိ ဓမ္မမိတ်ဆွေများ၊ အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။
- အရှေ့တောင်တိုင်းသာသနာတွင် ပြုလုပ်သည် Union Wide Youth Evangelistic Meeting-
Union Wide Youth Evangelistic Meeting ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ – နိုဝင်ဘာလ ၉ ရက်နေ့အထိ အရှေ့တောင်တိုင်း၊ ဘားအံသာသနာနယ်၊ နယ်ခြားအသင်းတော်တွင်ပြုလုပ်ခဲ့ပြီး MYUM Youth Director Pr. Mang Suan Tuangနှင့်အတူ အရှေ့တောင်တိုင်းသာသနာ၏ officerများ၊ တိုင်း(၅)တိုင်းရှိ လူငယ်ဌာနညွှန်ကြားရေးမှူးများမှ တရားဒေသနာများဖြင့် အားပေးခဲ့ကြပါသည်။ ဤ meeting ကို နယ်ခြားအသင်းတော်ရှိ အသင်းသူ၊ အသင်းသားများ၊ ရေပူကျောင်းရှိ Grade 11နှင့် Grade 12 ကျောင်းသူကျောင်းသားများတက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် နိုဝင်ဘာလ (၃) ရက်နေ့တွင် လှိုင်းဘွဲ့နယ်၊ ရမ်းရွာသစ်တွင်ရှိသော Global Mission Workerထံသို့ သွားရောက်လည်ပတ်အားခြင်း၊ ဆုတောင်းပေးခြင်း၊ လိုအပ်သည်များပြင်ဆင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
မြန်မာယူနီယံ ကျန်းမာခြင်းသာသနာဌာနညွှန်ကြားရေးမှူး Pr. Ser Ney Nyuntနှင့်အတူ အရှေ့တောင်တိုင်းကျန်းမာခြင်းသာသနာဌာနညွှန်ကြားရေးမှူးဖြစ်သည့် Pr. U Yaw Hanနှင့် Pr. U Chit Ayeတို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃-၄ရက်နေ့တွင် မော်လမြိုင်နယ်၊ ဘီလူးကျွန်းကျေးရွာနှင့် ၂၀၂၄ခုနှစ် နိုင်ဝင်ဘာ ၅-၆ရက်နေ့တွင် ထားဝယ်နယ်၊ မန်အောင်ကျေးရွာတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇-၉ရက်နေ့တွင် ထားဝယ်သာသနာနယ်၊ ဆင်ကူးကျေးရွာတွင် တရားဒေသနာဟောကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ဆင်ကူးကျေးရွာရှိ အသင်းသူ၊ အသင်းသားများတက်ရောက်ခဲ့ကြပါသည်။
- ဧရာဝတီတိုင်းသာသနာတွင် ပြုလုပ်သည့် မိသားစုတရားပွဲအကြောင်း-
မိသားစုတရားပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅-၁၁ရက်နေ့အထိ ဧရာဝတီတိုင်းသာသနာ၊ မအူပင်နယ်၊ ကဇင်းငူအသင်းတော်တွင် ပြုလုပ်ခဲ့ပါသည်။ ဤတရားပွဲကို ဧရာဝတီတိုင်း အမျိုးသမီးနှင့်မိသားစုသာသနာဌာနညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ကြူကြူအေးမှ ဦးဆောင်ပြီး မအူပင်သာသနာနယ်စီး Pr. U Win Myint Chit၊ Saya Toe Chit Thoung၊ ဆရာရီလောင်း၊ ဆရာမရှဲလာ၊ ဆရာမဖောရှီးတို့မှ မိသားစုနှင့် သက်ဆိုင်သည် သတင်းစကားများကို ဝေငှခဲ့ကြပါသည်။ ဤတရားပွဲတွင် နွေလမ်းစုအသင်းတော်၊ အစုကြီးအသင်းတော်၊ ကဇင်းငူအသင်းတော်ရှိ အသင်းသူ၊ အသင်းသားများတက်ရောက်ခဲ့ကြပါသည်။
- AWR ရခိုင်ဘာသာစကား ဆက်ကပ်အပ်နှံခြင်းအစီအစဉ်-
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် AWR ရခိုင်ဘာသာစကားထုန်လွင့်ရန် ဆက်ကပ်ခြင်အစီအစဉ်ကို ရန်ကုန်တိုင်းဌာနချုပ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤအစီအစဉ်ကို မြန်မာယူနီယံ သာသနာ့ဆက်သွယ်ရေးဌာနညွှန်ကြားရေးမှူး Pr. Teing Saungမှ တက်ရောက် ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းသာသနာရှိ Officerများ၊ မြန်မာယူနီယံ AWRအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။