Adventist Myanmar News 2023#01

ခရစ်တော်၌ သင်းဝင်ယုံကြည်သူမိသားစုများအားလုံးကို ခမည်းတော်၏ ချစ်ခြင်းမေတ္တာ၊သားတော်၏ကျေးဇူးတော်၊သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏မိသဟာယဖွဲ့ခြင်း သည် သင်တို့အားလုံးအပေါ် ထာဝစဉ်တည်ရှိပါစေကြောင်း ကောင်းကြီးစကားဖြင့် နှုတ်ခွန်းဆက်သလိုပါသည်။ ၂ဝ၂၃ခုနှစ်၏သာသနာခရီးလည်း မကြာခင် ပြန်လည် ကုန်ဆုံးတော့မည်ဖြစ်ပါသည်။ ဤသာသနာသတင်းလွှာအားဖြင့် မြန်မာပြည်သာသ နာလှုပ်ရှားမှုများကို ပြန်လည်အသိပေးခွင့်ရသောကြောင့် ဘုရားရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ ထို့အ တူ ဤသာသနာသတင်းလွှာသည် သာသနာ့ဓမ္မပုံရိပ်စစ်များကိုမျက်ခြေမပြတ်စေရန် အစဉ်တစိုက်မှတ်တမ်း ပြုထုတ်လုပ်နေသောကြောင့် သင်းဝင်ယုံကြည်သူ မိသားစုများအားလုံးအတွက်လည်း မင်္ဂလာရှိစေပါလိမ့်မည် ဟုမျှော်လင့်ပါသည်။ မြန်မာပြည်ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်၏သာသနာလုပ်ဆောင် မှုများသည် အရှိန်အဟုန်မပြတ်ရွေ့လျားတိုးတက်အောင်မြင်နေကြောင်း ဤသတင်းလွှာကို ဖတ်ရှုတွေ့မြင်နား လည်ခြင်းအားဖြင့်ဝိညာဉ်ခွန်အား၊ဥာဏခွန်အား စိတ်ဓါတ်ခွန်အားနှင့်သာသနာ့ဓမ္မခွန်အားများရရှိစေကြောင်း ဆုတောင်းဆန္ဒပြုလိုက်ပါသည်။