Adventist Myanmar News 2024#01

မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ နေ့ရက်လေးများဖြစ်ပါစေလို့ အသင်း/သူအသင်းသားများ၊ အမှုတော်ဆောင်များကို ပထမဦးစွာနှုတ်ခွန်းဆက်သလိုပါတယ်ခင်ဗျား။ Active, Ongoing, Culture-Changing, Disciple, Disciple-Making, Living Hope Myanmar Evangelistic Campaign ကို ဆက်လက်လုပ်ဆောင်နိုင်ခွင့်ပေးတဲ့အတွက် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ယုံကြည်သူသားသမီးများယောက်စီတိုင်းအနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းသတင်းစကားများကို ဝေငှသည့်အခါ ပါဝင်ဆက်ကပ်ပြီး ကျွန်ုပ်တို့၏ Active, Ongoing, Culture-Changing, Disciple, Disciple-Making, Living Hope Myanmar Evangelistic Campaign ဆက်လက်ပြီးအောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ရန်ဖြစ်သည်။ ဤကဲ့သို့လုပ်ဆောင်နိုင်ရန် နေ့စဉ်နေ့တိုင်း မနက်၊ညဘုရားသခင်ထံကျမ်းစာဖတ်၊ ဆက်ကပ်ဆုတောင်းခြင်းအား ဖြင့်လည်း ပါဝင်ရန်ဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်မှသာ ကျွန်ုပ်တို့၏သာသနာလုပ်ငန်းသည် အောင်မြင်နိုင်မှာဖြစ်သည်။ ကျွန်ုပ်တို့သည် တပည့်တော်များအနေဖြင့် Dis- ciple-Making Evangelismမှာ တပည့်တော်များဖြစ်လာစေသည့် သာသနာပြုလုပ်ငန်းတွင် ပါဝင်ဆက်ကပ်လာဖို့ရန်ဖြစ်သည်။ ရှင်မဿဲခရစ်ဝင်အခန်းကြီး(၂၈း၁၉)တွင် “သင်တို့သွား၍၊လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့”ဟုပြောထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်လျက်၊ သွားလာလျက်၊ စားသောက်လျက်နှင့်လူအများကိုခရစ်တော်ထံသို့ခေါ်ဆောင်လာပြီး အမှုတော်မြတ်တွင်ဆက်ကပ်ပါဝင်လာသူများဖြစ်စေရမည် ဖြစ်သည်။ ခရစ်တော်သည် ဤကမ္ဘာလောကကြီး၌အသက်ရှင်စဉ်တွင် ကျွန်ုပ်တို့လူသားများအတွက်စံပြနမူနာအဖြစ်အသက်ရှင်နေထိုင်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၏လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမည်မှာဧကန်ပင်ဖြစ်သည်။ ထို့ကြောင့် “တက်ကြွ၊ ဆက်လက်လုပ်ဆောင်၊ ဓလေ့ပြောင်းလဲ၊ တပည့်တော်မှတပည့်တော် ဖြစ်၊ ရှင်သန်သောမြော်လင့်ခြင်းမြန်မာ၊ ခရစ်တော်၏ကယ်တင်ခြင်းတရားဒေသနာဟောကြားသက်သေခံခြင်းနှင့် ယုံကြည်သူတိုင်းပါဝင်အမှုတော်ဆောင်ရွက်ခြင်း” အစီအ စဉ်၌တမှုတော်ဆောင်များသာမက အသင်းသူ/သားအားလုံး ပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။