မပြီးဆုံးသေးသည့်အမှုတော်လုပ်ငန်း
(ဧဝံဂေလိသတင်းစကား ဗုဒ္ဓဘာသာဝင်များထံရောက်ရှိရန်)
မဿဲ ၂၈း၁၉-၂၀
ဧဝံဂေလိသတင်းစကားကို မကြားရသေးသော ဗုဒ္ဓဘာသာဝင်မည်မျှရှိနေသည် သင်တစ်ခါတရံစဉ်းစားမိပါသလား။
စွယ်စုံကျမ်းအရ ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်၌ စတုတ္ထလူဦးရေအများဆုံးကိုးကွယ်ဆည်းကပ်သည့် သာသာတခုဖြစ်သည်။ အရေအတွက်အားဖြင့် ကမ္ဘာတစ်ဝန်း၌ သန်းပေါင်း ၅၂၀ ရှိသည်။ ကမ္ဘာ့လူဦးရေ၏ ၇ ရာခိုင်နှုန်းခန့်ရှိသည်။ ဗုဒ္ဓဘာသာသည် ဘီစီ ၅ ရာစုမှစ၍ ဂင်္ဂါမြစ်မဝှမ်းအရှေ့ဖက်တွင် ဖြစ်ပွားခဲ့သည့် Ramana Movement မှစတင်ပေါ်ပေါက်လာခဲ့ပြီး တစ်ဖြည်းဖြည်းနှင့် အာရှတိုက်ကိုလွှမ်းမိုးလာခဲ့သည်။ ၂၀ ရာစုခန့်တွင် အနောက်နိုင်ငံများသို့ ဗုဒ္ဓဘာသာ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိသွားခဲ့သည်။ (၁၀/၄၀ ပြတင်းပေါက် -10/40 window-မြောက်လတ္တီကျု ၁၀ နှင့် ၄၀ကြားရှိနေရာဒေသ တစ်နည်းအား ဖြင့် ခရစ်ယာန်ဘာသာဝင်အလွန်နည်းပါးသည့် နေရာဒေသ)။ လေ့လာချက်အရ ဧဝံဂေလိသတင်းစကားမရောက်ရှိသေးသည့် အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံများတွင် ဗုဒ္ဓဘာသာပြန့်နှံ့နေသည်ကိုတွေ့ရသည်။
အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများသည် ဗုဒ္ဓဘာသာအများဆုံးထွန်းကားသော နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများတွင် ခရစ်ယာန်ဖြစ်လာသူ ၁ ရာခိုင်နှုန်းခန့်သာရှိသည်။ ထိုအထဲတွင် ဗုဒ္ဓဘာသာမှ ပြောင်းလဲလာသူ ၀.၀၁ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ခရစ်ယာန်ဖြစ်လာသူအများစုမှာ ယခင်နတ်ကိုးကွယ်သူများဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် ထိုနိုင်ငံများသို့ ဧဝံဂေလိသတင်းစကားရောက်ရှိပြီးသားဖြစ်သည်ဟုထင်မြင်ခဲ့သည်။ ထိုထင်မြင်ချက်ကြောင့်ပင် ထိုနိုင်ငံများသို့ ဧဝံဂေလိသတင်းစကားရောက်ရှိရန် နှေးကွေးနေခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာတွင် ထေရဝါဒ (ဟိနာယာန)၊ မဟာယာနနှင့် ဝိရယာန ဟူ၍ ဂိုဏ်းကြီးသုံးခုရှိပြီး အရှေ့တောင်အာရှတွင် ထေရဝါဒကို တွင်တွင်ကျယ်ကျယ်ကျင့်သုံး ကြသည်။ မဟာယာန ကို တရုတ်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့တွင် ကျင့်သုံးကြသည်။ အနည်းငယ်သော မဟာယာနဗုဒ္ဓဘာသာဝင်များသာ ခရစ်တော်ကို သိရှိကြသည်။ ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များထံသို့ ခရစ်တော်၏ဧဝံဂေလိ သတင်းစကားရောက်ရှိရန် နေရာများစွာ ကျန်ရှိနေသေးသည်ကိုမြင်တွေ့နိုင်ပါသည်။ ဝိရယာန ဗုဒ္ဓဘာသာဝင်များသည် ဧဝံဂေလိတရားကို တရားဝင်ခွင့်ပြုထားခြင်းမရှိသည်ံ တိဘက်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယားနှင့် ရုရှားနယ်တစ်ချို့တွင် တွေ့ရှိနိုင်သည်။
အထက်ပါအချက်များကို ထောက်ရှုခြင်းအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ်သူများထံ ဧဝံဂေလိသတင်းရောက်ရှိန်ရန် များစွာလိုအပ်နေသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲလာသူထက် ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ပြောင်းလဲသွားသူက ပို၍များနေပါသည်။
ဥပမာဩစတြေးလျ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်ကြီးထွားနှုန်းမှာ ပိုမိုမြန်ဆန်လာသည်။ ထို့ကြောင့် ကျွန်ုပ်တို့လက်တွေ့လုပ် ဆောင်ရန်လိုအပ်နေပါသည်။ ဗုဒ္ဓဘာသာဝင်များထဲသို့ သတင်းစကားဖြန့်ကျက်ရန် လျစ်လျူမရှုသင့်တော့ပါ။ ရိတ်သိမ်းရန်များစွာရှိသော်လည်း လုပ်ဆောင်သော သူနည်းလှသည်။
ခရစ်တော်၏စေခိုင်းချက်
မဿဲ ၂၈း၁၉ သင်တို့သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံပေးကြလော့။” ထိုစေခိုင်းချက်သည် သတင်းစကားမကြားရသေးသော ဗုဒ္ဓဘာသာဝင်ညီအစ်ကိုမောင်နှမများထံသို့ သတင်းစကားရောက်ရှိရန် လုပ်ဆောင်ရာ၌ လူငယ်များ၌လည်းတာဝန်ရှိကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ဤတာဝန်သည် ယုံကြည်သူတိုင်းလုပ်ဆောင်ရမည့်တာဝန် ဖြစ်သောကြောင့်ပင်။
လက်တွေ့လုပ်ဆောင်ရန်နှင့် ရှောင်ကြဉ်ရန်
၁. ရှေ့ဦးစွာမိတ်ဆွေဖွဲ့ပါ
ဗုဒ္ဓဘာသာဝင်များသည် အလွန်ခင်မင်တတ်သူများဖြစ်ကြသည်။ အချို့မှလွန်စွာယဉ်ကျေးသူများလည်းဖြစ်သည်။ ထို့ကြောင့်သတင်းစကားမျိုးစေ့ မကြဲမီ သူတို့နှင့်အရင်ရင်းနှီးမှုရယူရန်ဖြစ်သည်။
၂. သူတို့အတွက်ဆုတောင်းပေးပါ
၎င်းတို့နှင့်ရင်းနှီးလာသောအခါတွင် သူတို့၏လိုအပ်ချက်များအတွက် ဆုတောင်းပေးပါ။ သူတို့လိုအပ်သောအရာကို ရရှိလာလျှင် ခရစ်တော်ကိုလက် ခံယုံကြည်ရန် နီးစပ်လာမည်ဖြစ်သည်။
၃. အင်္ဂလိပ်စာ၊ စကားများကိုသင်ကြားပေးခြင်း
၎င်းတို့နှင့်ရင်းနှီးမှုရယူရန် သူတို့လိုလားသည့် သင်တန်းများ၊ ဥပမာ အင်္ဂလိပ်စာသင်ကြားပေးခြင်းနှင့်အခြားသော နည်းလမ်းများကိုလည်း အသုံးပြု နိုင်ပါသည်။
၄. ရိုးရှင်းသောနည်းလမ်းများကိုသုံး၍အမှုတော်လုပ်ငန်းကို လုပ်ဆောင်ပါ။
ရှောင်ရန်
၁. ၎င်းတို့၏ယုံကြည်ချက်၊ ခံယူချက်များကို မဝေဖန်ပါနှင့်
၎င်းတို့နှင့်ဘာသာတရားအကြောင်းငြင်းခုံခြင်းကိုရှောင်ကြဉ်၍ ခရစ်တော်၏ချစ်ခြင်းမေတ္တာကိုရှေ့ထားပြီးပြောပေးပါ။ မိမိတို့၏ကိုယ်ပိုင်လက်တွေ့ သက်သေခံချက်များကို သူတို့အားပြောပြပါ။
၂. သတင်းစကားကိုချက်ခြင်းလက်ခံမည်ဟု မျှော်လင့်ချက်မထားပါနှင့်
ပြောင်းလဲခြင်းဆိုသည်မှာ အချိန်ယူစောင့်ဆိုင်းရသောအရာဖြစ်သည်။ အထူးသဖြင့်ဘာသာရေးတွင် စိတ်အားကြီးသောသူများအတွက် ပို၍ပင်ခက်ခဲ ပါလိမ့်မည်။ သို့သော်ဝိညာဉ်တော်၏လုပ်ဆောင်မှုကိုစောင့်ဆိုင်းလုပ်ဆောင်ပါ။
၃. တစ်ဦးတည်းသွားရောက်အမှုဆောင်ခြင်းမပြုရန်
မိမိတစ်ကိုယ်တည်းဖြင့်လုပ်ဆောင်ခြင်းထက် အသင်းသူ၊သားများ၊ မိတ်ဆွေများနှင့်အတူတကွလုပ်ဆောင်ပါ။
ဧဝံဂေလိတရားကို အရိုးသားဆုံးဟောကြားပါ။ ခရစ်တော်ကိုယ်တိုင်သတင်းစကားကို ရိုးရှင်းသည်နည်းလမ်းဖြင့်သာဟောကြားတော်မူခဲ့ပါသည်။
“အချိန်ကျရောက်ပြီ၊ ဘုရားသခင်၏နိုင်ငံတော်တည်လုနီးပြီ၊ နောင်တရ၍ ကယ်တင်ခြင်းသတင်းစကားကို ယုံကြည်လက်ခံကြလော့”
ရှင်ယောဟန်သည်လည်း ရိုးရှင်းသောသတင်းစကားကို ဟောကြားတော်မူခဲ့သည်။ “ဘုရားသခင်ကို ကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူ သောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။”
ထိုသို့သောသတင်းစကားကို ဗုဒ္ဓဘာသာဝင်ညီအစ်ကိုများထံ ပြန်လည်ဟောကြားခြင်းမပြုလျှင် ခရစ်တော်ဒုတိယအကြိမ်ပြန်လာဖို့ရန် အချိန်ကြန့်ကြာ နေအုံးမည်သာဖြစ်သည်။ ကျွန်ုပ်တို့သွား၍ ဤအရှေ့တောင်အာရှ၌ရှိသော ဗုဒ္ဓဘာသာဝင်များထံ ဝမ်းမြောက်ဖွယ်ကယ်တင်ခြင်းသတင်းစကားကို သွားရောက် ဟောကြားရမည်။ ကျွန်ုပ်တို့လူငယ်များအားလုံး၏တာဝန်ပင်ဖြစ်သည်။
အတိတ်ကမှားခဲ့သောအမှားများအတိုင်း ထပ်မမှားရန်
အတိတ်တွင် ဗိမာန်တော်ဆောက်လုပ်ပြီးစီးပြီးမှ သို့မဟုတ် ထိုသူများထံဝင်ရောက်ရန်အချိန်မရောက်သေးပါ၊ ဟူသောအမှားများကို ယခုတွင်မလုပ်မိ စေရန် သတိပြုဆင်ခြင်းရမည်ဖြစ်သည်။
ဦးစားပေးမှုမမှားစေရန် သတိပြုရမည်
ခရစ်တော်ကိုယ်တိုင် နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာဖွေရန်၊ လူမျိုးတကာထံသွား၍သတင်းစကားဝေမျှရန် စေခိုင်းနေပါသော် လည်း ကျွန်ုပ်တို့သည် ထိုသူများထံရောက်ရှိရန် အလွန်နှောင့်နှေးနေသေးသည်။ မိမိတို့အတွက်ကိုသားဦးစားပေးပြီး အချိန်ဆွဲနေကြသည်။ ကျွန်ုပ်တို့၏လိုအပ် ချက်များကိုအလျင်ဖြည့်ဆည်းပြီး အားလပ်သည့်အချိန်များမှသာ ကိုယ်တော်အတွက်လုပ်ဆောင်ပေးလိုကြသည်။
ဟဂ္ဂဲအနာဂတ္တိကျမ်းတွင် ဣသရေလများသည် မိမိတို့အိမ်ကိုဆောက်လုပ်ရာတွင်သက်တောင့်သက်သာနေထိုင်နိုင်ရန်အတွက် ဆောက်လုပ်ကြ သော်လည်း ဘုရားသင်ခင်အတွက်လုပ်ဆောင်ရန် နှေးကွေးနေခဲ့သည်။ ထို့ကြောင့်ဘုရားသခင်က သူတို့ကိုစိတ်ပျက်ခဲ့သည်။ သူတို့ကိုဘုရားသခင်ကောင်းချီး ပေးခဲ့ပါသော်လည်း ဘုရားသခင်ကိုပြန်လည်ဂုဏ်ပြုရမည့်အစား သူတို့ဇိမ်ခံနိုင်ရေးနှင့် လောကီအောင်မြင်ရေးအတွက်ိုသာ ရှေ့တန်းတင်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ကောင်းချီးတံခါးများပိတ်သွားခဲ့သည့်အတွက် သူတို့အနေဖြင့်…………..
၁. များစွာစိုက်ပျိုးသော်လည်း အနည်းငယ်သာရိတ်သိမ်းခဲ့ကြရသည်။
၂. စားရသော်လည်း ရောင့်ရဲတင်းတိမ်ခြင်းမရှိနိုင်ကြ
၃. သောက်သော်လည်း အမွတ်မပြေနိုင်ခဲ့ကြ
၄. ဝတ်ရသော်လည်း မနွေးထွေးနိုင်
၅. ရရှိသောလုပ်အားခများသည် ပုလိုင်းပေါက်နှင့်ဖားကောက်သကဲ့သို့ အကြောင်းရင်းမရှိ ပြန်လည်ပျောက်ဆုံးခဲ့ကြရသည်။
ဘုရားသခင်ကို ဦးစားပေးရန်ပျက်ကွက်ခဲ့သည့်အတွက် ကောင်းချီးမင်္ဂလာကိုသူတို့ခံစားရမည့်အစား ဘုရားသခင်နှင့်ဝေးကွားခြင်း၏ အမင်္ဂလာကို ခံစားခဲ့ကြရသည်။
သို့သော်လည်း ဣသရေလလူများသည် ဘုရားသခင်ထံပြန်လှည့်လာသောအခါတွင် ဟဂ္ဂဲအနာဂတ္တိကျမ်း၌……… ဘုရားသခင်ပေးသော သတင်းစကား မှာ “ငါသည် သင်တို့နှင့်အတူရှိမည်”
ထိုအချိန်မှစ၍ ဣသရေလလူမျိုးများသည် ဘုရားသခင်၏ဗိမာန်တော်ကို ပြန်လည်ကာဆောက်လုပ်ခဲ့ကြပါတော့သည်။ ဘုရားသခင်အတွက် ဦးစားပေးလုပ်ဆောင်လာသောအခါတွင် ဘုရားသခင်၏ကောင်းချီးတံခါးများပြန်လည်ပွင့်လာပြီး သူတို့အရင်နည်းတူ ကောင်းကျိုးကိုခံစားခဲ့ကြရပြန်သည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုပထမဦးစားပေးနေရာတွင် ထားရန်လိုသည်။
ဘုရားသခင်၏အိမ်တော်တွင်အမှုဆောင်ခြင်း
ဘုရားသခင်သည် မိမိ၏အသင်းတော်ကို မိမိ၏မိသားစု သို့မဟုတ် မိမိ၏အိမ်ကဲ့သို့ ခိုင်းနှိုင်းထားသည်။ ဘုရားသခင်သည် မိမိအသင်းတော်ကို အပြစ်တင်ခြင်းနှင့် ခိုင်းနှိုင်းထားသည်။
ဘုရားသခင်သည်မိမိအသင်းတော်ကို အပြစ်တင်ခြင်း ကင်းစေလိုသောဆန္ဒရှိသည်။ ဘုရားသခင်အိမ်တော်ကို တည်ဆောက်ခြင်းသည် ဘုရားသခင်၏ အိမ်တော်ကိုတည်ဆောက်ခြင်းသည် ဘုရားအမှုတော်၌ပါဝင်လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့်ခရစ်တော်သည် တပည့်တော်များကို လူကိုမျှားသော တံငါသည်ဖြစ်စေသည်။ ဤကဲ့သို့ဆိုရာ၌ တံငါသည်တို့သည် ငါးများရရှိရန် သို့မဟုတ်ငါးဖမ်းရန် ပြင်ဆင်ကြရသည်။
၁. ငါးများရှိရာသို့ ကျွန်ုပ်တို့သွားရမည်။ အလိုလိုနေရင်း တံငါသည်၏ပိုက်ကွန်ထဲသို့ငါးမဝင်လာသလို ဗုဒ္ဓဘာသာဝင်ညီအစ်ကိုများသည်လည်း အလိုလိုနေရင် ခရစ်တော်ကို မိမိတို့၏ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံလာမည်ဟုတ်ပေ။
ငါးမျိုးစံရှိသလို ငါးဖမ်းနည်းလည်းမျိုးစုံရှိရမည်။ ငါးမျှားချိတ်နှင့်သော်လည်းကောင်း၊ ပိုက်ကွန်နှင့်သော်လည်းကောင်း၊ ဖမ်းရမည့်ငါးများရှိသည်။ ထိုနည်းတူပင် မြို့နေလူတန်းစား၊ တောနေလူတန်းစား၊ ဆေးရုံရှိလူနာများ၊ ထောင်ထဲမှကျဉ်းသားများအားလုံးသည်လည်း ကယ်တင်ခြင်းသတင်းစကားကို ကြားနာရန် အခွင့်အရေးရှိသင့်ပါသည်။ ထိုသူများထံသို့ ကွဲပြားသည့်နည်းလမ်းများဖြင့် ချဉ်းကပ်ကာ အမှုတော်ဆောင်ရန်ဖြစ်သည်။ ထိုသို့သောနည်းလမ်း များအားဖြင့်သာလျှင် ဗုဒ္ဓဘာသာဝင်ညီအစ်ကိုများထံဝင်ရောက်နိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့လူငယ်များ ဤစိန်ခေါ်မှုကို လက်ခံရန်မည်သို့ပြင်ဆင်မည်နည်း. ၎င်းစိန်ခေါ်မှုသည် သန်း ၅၂၀ သောဗုဒ္ဓဘာသာဝင်များထံဧဝံဂေလိသတင်း စကားရောက်ရှိပြီး သခင်ခရစ်တော်၏ကယ်တင်ခြင်း သတင်းစကားကို ကြား၍ လက်ခံလာစေရန်လုပ်ဆောင်ရမည့်တာဝန်သည် ယနေ့ခရစ်ယာန် လူငယ်များတွင် ရှိသည်။
အရေးကြီးသောအမှုတော်လုပ်ငန်း
ထိုလုပ်ငန်းအမှန်တကယ်အရေးကြီးသည်ဟု သင်ယူဆပါက ယခုပင်စတင်လုပ်ဆောင်ရန်ဖြစ်သည်။ စပါးရိတ်ဖို့အချိန်တန်နေပါပြီ။ အချိန်မှီမရိတ်သိမ်း နိုင်ခဲ့လျှင် ပျက်စီးဆုံးရှုံးမှု များသွားလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့ ညီအစ်ကို ဗုဒ္ဓဘာသာဝင်များထံ ကယ်တင်ခြင်းသတင်းကောင်းဝေငှရန် ကျွန်ုပ်တို့သွား၍ လုပ်ဆောင် ရ တော့ မည်။ သန်းပေါင်း ၅၂၀ သော ဗုဒ္ဓဘာသာဝင်များထံသို့ ကယ်တင်ခြင်းသတင်းကောင်းကိုပို့ဆောင်ရန် မည်သူသွားမည်နည်းဟု ဘုရားသခင်ခေါ် တော်မူပါသည်။ လူငယ်များမည်ကဲ့သို့ အဖြေပေးမည်နည်း။ ပါဝင်လုပ်ဆောင်မည်လား၊ သို့မဟုတ် ငြင်းပယ်မည်လား။
ဗုဒ္ဓဘာသာဝင် ညီအစ်ကိုများထံသို့ သတင်းကောင်းသွားရောက်ဝေငှမည် အမှုဆောင်များစွာလိုအပ်လျက် ရှိသည်။ ခရစ်တော်ဒုတိယအကြိမ် ပြန်လည်ကြွလာဖို့ အလွန်နီးကပ်လျက်ရှိနေပေပြီ။ ဘုရားသခင်သည် သင်တို့ကို သတင်းစကားမရောက်သေးသောသူများထံသို့ သွားရောက်အမှုဆောင်ရန် အလိုရှိ နေပါသည်။ အလွန်ကျွမ်းကျင်၊ တော်တတ်သော တရားဟောဆရာတစ်ယောက်ဖြစ်ရန်မလိုပါ။ လုပ်ဆောင်လိုသောဆန္ဒနှင့် ကိုယ်ချင်းစာတရား၊ ချစ်ခြင်းမေတ္တာ ရှိလျှင်ပင် ဘုရားသခင်သင့်ကို အမှုဆောင်ကောင်းတစ်ယောက်ဖြစ်ရန် ထပ်မံပံ့ပိုးကူညီ ပေးမည်ဖြစ်သည်။
သင်က “ကျွန်ုပ်ရှိပါသည်။ ကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟု စိတ်ဆုံးဖြတ်ပါမည်လား။