Sermon 4

သင့်ရဲ့မြို့ပြသာသနာ

            အဓိကကျမ်းချက်။        ။ ၁ကော ၃း၁၆ (သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။)

လူငယ်တစ်ဦးရဲ့အသက် (၁၆)နှစ်အရွယ်မှာ ဥရောပနိုင်ငံကို သာသနာပြုဖို့လမ်းပွင့်ခဲ့ပါတယ်။ မိခင်၊ ဖခင် နှစ်ဦးစလုံး မြော်လင့်ခြင်းအသင်းသားများဖြစ်ပေမဲ့ လူငယ်တစ်ယောက်ရဲ့ အကျင့်အတိုင်း ဆန့်ကျင် နေထိုင်မှုတွေရှိခဲ့တယ်။ တခါတလေ ဆယ်ကျော်သက်အရွယ် အိမ်ကနေတခြားသူငယ်ချင်းတွေဆီ ညအိပ် ထွက်တဲ့ညတွေလဲ ရှိခဲ့ပါတယ်။ အဖိုးဖြစ်သူဝှက်ထားတတ်တဲ့ အရက်ပုလင်းကိုလည်း ခဏခဏ ခိုးပြီး သောက်ခဲ့တယ်။ တစ်ညကျတော့ လမ်းဘေးမှာ အမူးလွန်ပြီး ရဲစခန်းကိုရောက်တဲ့အထိ ဖြစ်ခဲ့ရတယ်။ နာရီအနည်းငယ် ချုပ်ထားခံရပြီး သူ့ရဲ့မိဘတွေ ဘယ်လောက်စိတ်ဆိုးကြမလဲဆိုတာ တွေးပြီးကြောက်နေခဲ့ တယ်။ အမေကတော့ ဒေါသကြီးသူတစ်ယောက်မဟုတ်ဘဲ အရာရာကို ညှင်ညှင်သာသာဖြေရှင်းတတ် ပါတယ်။ ကျွန်တော်နားမလည်နိုင်သေးတဲ့အရာတွေကိုလည်း နားလည်အောင်ကြိုးစားဖို့ အားပေးတတ် တယ်။ ကျွန်တော်ကြောက်ကြောက်နဲ့ ဖုန်းဆက်ခေါ်တော့ မိဘတွေ ရဲစခန်းကိုရောက်လာပြီး မနက် (၅) နာရီ မှာ အိမ်ကိုပြန်ခေါ်သွားပါတယ်။ ကျွန်တော့်အစ်ကိုရဲ့ ရိုက်နှက်ဆုံးမခြင်းကို ခံခဲ့ရလို့မမေ့နိုင်စရာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့အဖြစ်ကို ပြန်တွေးမိတိုင်း ဘုရားသခင်ကရော ကျွန်တော်တို့ကို ဘယ်လို တုန့်ပြန် သလဲလို့စဉ်းစားမိပါတယ်။ မြို့ကြီးတွေမှာရှိတဲ့ လူတွေရဲ့နေထိုင်အသက်ရှင်ပုံကို ဘုရားက ဘယ်လိုမြင်ပါ သလဲ? မြို့ပြပတ်ဝန်းကျင်ကလူတွေအတွက် ကျွန်တော်တို့ဘာများလုပ်ပေးနိုင်သလဲ? ဘုရားသခင်ကို ယုံကြည်ဖို့ မြို့ပြလူတွေအသိုက်အဝန်းကို ဘယ်လိုဆွဲဆောင်နိုင်မလဲ?

သမ္မာကျမ်းထဲက အသင်းတော်တွေရဲ့ မြို့ပြမှာ တည်ရှိသူကိုလေ့လာရအောင်။

၁။ ဘုရားသခင်ရဲ့ ဗိမာန်တော်အနေအထားနဲ့ ရည်မှန်းချက်

  1. ထွက်မြောက်ရာ ၂၅း၈ (ငါသည်သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။)

 

ပြန်လည်သုံးသပ်စရာများ

၁။ မဿဲ ၁၈း၂၀ (အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။)

၂။ မြို့ပြဝန်းကျင်ကလူတွေ၊ တက္ကသိုလ်ကျောင်းတွေက လူတွေကိုဘယ်လိုနည်းနဲ့ ဘုရားသခင်အကြောင်း ပြောနိုင်မလဲ?

၃။ ဗျာဒိတ် ၂၁း၂၂ (မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူကား အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့်သိုးသငယ်သည် ထိုမြို့၏ ဗိမာန်ဖြစ်တော်မူ၏။)

 

 

 

အသင်းတော်ဆိုတာကို သမ္မာကျမ်းစာက ဘာပြောသလဲ?

လူတွေရဲ့ကယ်တင်ခြင်းအတွက် အသင်းတော်ရှိနေရခြင်းဖြစ်ပါတယ်။ အသင်းတော်ရဲ့ လုပ်ငန်းတာဝန်က ဘာတွေလဲ? အသင်းတော်လို့ ဆိုတာနဲ့ ကျွန်တော်တို့အမြင်က-

  • အဖွဲ့အစည်း
  • အဆောက်အဦး
  • အာဏာလုခြင်း
  • တရားမျှတမှုမရှိခြင်း
  • အေးစက်စက်ဖြစ်ရခြင်း စသည်ဖြင့်မြင်နေကြပါတယ်။

အသင်းတော်ရဲ့ မျှော်မှန်းချက်ကတော့

  • ကယ်တင်ခြင်း
  • အစေခံခြင်းနဲ့ ဘုရားသခင်ရဲ့ သတင်းကောင်းဝေငှခြင်းဖြစ်ပါတယ်။

အသင်းတော်ကိုအောက်ပါဦးတည်ချက်များနဲ့ လုပ်ဆောင်ပါတယ်။

  • အသင်းတော်ရဲ့ ဂုဏ်သတင်း
  • အသင်းတော်ရဲ့ နည်းစနစ်
  • အသင်းတော်ရဲ့ ရည်ရွယ်ချက်

ဆင်ခြင်သုံးသပ်ရန်

၁။ ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကျမ်းတွေအရ အသင်းတော်ရဲ့ ယဇ်ပုရောဟိတ်၊ အပြစ်ဖြေလွှတ်ခြင်းတွေဟာ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ လူသားတွေအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းအစီအစဉ်ဖြစ်ပါတယ်။

၂။ လူသားတွေကို ဘုရားသခင်နဲ့ တစ်ပုံစံတည်း ဖန်ဆင်းထားတာကြောင့် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ပုံရိပ်ကို ထင်ဟပ်စေရပါမယ်။

၃။ ၁ ကော ၁၂ အရ ကျွန်တို့အားလုံး ဧဝံဂေလိသတင်းကောင်းကို ကမ္ဘာအနှံ့ပြောကြရမှာဖြစ်ပါတယ်။

၄။ အသင်းတော်ဟာ ကယ်တင်ခြင်းအတွက်ပါ။ လူတွေကို ခရစ်တော်ကိုသိစေပါ။

  • အစေခံခြင်း
  • သတင်းကောင်းကိုဝေငှခြင်းအတွက်ဖြစ်ပါတယ်။
  • လူတစ်စုရဲ့ ဘုရားသခင်ရှေ့မှာ စုဝေးခြင်းဖြစ်ပါတယ်။

ဆုတောင်းချက်။            ။ ဘုရားသခင် အသင်းတော်နဲ့အတူရှိဖို့ ဆုတောင်းပါ။ ခ

ချစ်ခြင်းမေတ္တာရှိဖို့ ဆုတောင်းပါ။

အစေခံနိုင်ဖို့ ဆုတောင်းပါ။

အသင်းတော်ဆိုတာဘာလဲ?

  • အဆောက်အဦးကြီးဘဲလား? ဂိုဏ်းတစ်ခုလား? အဖွဲ့အစည်းလား? ကုမ္ပဏီတခုလား? လူမှုရေးအသင်းလား? သမဂ္ဂတစ်ခုလား?

ဥရောပမှာရှိတဲ့အသင်းတော်အဆောက်အဦးတွေကတော့ ဒီနေ့ပြိုကျပျက်စီးပြီး ဘုရားရှိခိုးမှုမရှိတော့ ပါဘူး။ ကိုဗစ်ကာလအတွင်းက အသင်းတော်ရဲ့ နမူနာကို မြင်တွေ့ရမှာပါ။ အိမ်တွေမှာ ဝတ်ပြုကိုးကွယ် ကြပြီး ဆုတောင်းခြင်းနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။

  • အသင်းတော်ဟာ လူတွေပါ၊ အဆောက်အဦးမဟုတ်ပါဘူး။
  • အသင်းတော်ဟာ တပည့်တော်တွေပါ၊ ပွဲအစီအစဉ်မဟုတ်ပါဘူး။
  • အသက်ရှင်နေတဲ့ အသိုက်အဝန်းတစ်ခုဖြစ်ပါတယ်။

ဘာကြောင့်အသင်းတော်ရှိရတာလဲ?

  1. ထွက်မြောက်ရာ ၇:၁ (ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ဖာရောဘုရင်၏ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကိုအာရုန်သည် သင်၏ပုရောဖက်ဖြစ်ရလိမ့်မည်။)
  2. ၂ ကော ၃း၂-၃ (သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဖတ်တတ်သော ငါတို့စာပင်ဖြစ်ကြသတည်း။ အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မှင်နှင့်ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိဉာဉ်တော်နှင့်ရေး၍ လည်းကောင်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။)
  3. ၁ ပေ ၂း၉ (သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။)
  4. ထွက်မြောက်ရာ ၁၉း၆ (သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။)

 

  1. မဿဲ ၁း၂၃ (ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သတို့သမီးကညာသည်ပဋိသန္ဓေ စွဲယူ၍သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလို သတည်း။) ယောဟန် ၁း၁၄ (နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။)
  2. ယောဟန် ၂း၁၉ (ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။) ကောလောသဲ ၂း၉ (အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။)
  3. ၁ ကော ၃း၁၆ (သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။) ၁ ကော ၆း၁၉ (အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။)

သင်ခန်းစာယူစရာများ

၁။ ဘုရားသခင်က အခြေအနေအားလုံးကို တာဝန်ခံပါတယ်။

၂။ ဘုရားသခင်က နှိမ့်ချခြင်းကို ညွှန်ပြပါတယ်။ ဗိမာန်တော်မှာ ခရစ်တော်ရဲ့ အမှုဆောင်ခြင်းကို တွေ့ရ ပါတယ်။ ဘုရားသခင်နဲ့ အတူရှိဖို့ ဗိမာန်တော်ကိုပြင်ဆင်ခြင်းဖြစ်ပါတယ်။

၃။ တမန်တော် (၁၇:၂၄) ဘုရားသခင်တည်ရှိခြင်းနဲ့ အဆောက်အဦးရှိခြင်းဟာ မတူနိုင်ဘူး။ လူတွေရဲ့ နှလုံးသားထဲ ဘုရားရှိရမှာဖြစ်ပါတယ်။

၄။ ဘုရားသခင်က ပျောက်သောသိုးကိုရှာနေပါတယ်။ ဒင်္ဂါးကိုလည်း ရှာပါတယ်။ ပျောက်သောသားကိုလည်း ရှာပါတယ်။

၅။ ဘုရားသခင်ဟာ လူသားတွေဘက်မှာ အမြဲရည်တည်နေပါတယ်။