Adventist Myanmar News

ဘားအံအသင်းတော်၌ သာသနာနယ် (၄) ခုမှ အမှုတော်ဆောင်များအား တွေ့ဆုံ၍ Steps to Discipleship နှင့် One Voice 27 အတွက် နိုးဆော်ခြင်းများပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရှေ့တောင်တိုင်းသာသနာဌာနချုပ်မှ ဦးဆောင်၍ ဘားအံ၊ ဒုံရင်း၊ ကမမောင်းနှင့် ဘီးလင်း သာသနာ့နယ်များမှ ဓမ္မအမှုတော်ဆောင်များအား တွေ့ဆုံပြီး သာသနာ့လုပ်ငန်းစဉ်များအတွက် ခွန်အားပေးတိုက်တွန်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဇွန်လ ၂၉ ရက်နေ့က ဘားအံအသင်းတော် သာသနာ့နေအိမ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အမှုတော်ဆောင်များနှင့် တွေ့ဆုံခြင်း အဆိုပါတွေ့ဆုံပွဲကို လစာပေးချေခြင်း (Salary Payment) အစီအစဉ်နှင့်အတူ တွဲဖက်ကျင်းပခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်တိုင်းသာသနာဌာနချုပ်မှ ဥက္ကဋ္ဌကြီး ပါစတာဦးခွန်ဝင်းကိုကို၊ အတွင်းရေးမှူး Pr. Blay Moo၊ ဘဏ္ဍာရေးမှူး ဆရာကြီးဦးမာကု၊ ကျန်းမာခြင်းနှင့် ဥပုသ်စာဖြေသာသနာဌာန ညွှန်ကြားရေးမှူး ပါစတာဦးစိန်ထွန်းနှင့် လူငယ်နှင့် သာသနာဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ပါစတာဦးဆန်းဦးတို့ တက်ရောက်ခဲ့ကြသည်။ အဓိက ဆွေးနွေးချက်များ တွေ့ဆုံပွဲတွင် အဓိကအားဖြင့် အောက်ပါအချက်များကို … Continued

Read MoreLong right arrow

မြဝတီနှင့် ထားဝယ်သာသနာ့နယ်များတွင် Steps to Discipleship တရားပွဲနှင့် One Voice 27 အတွက် တိုက်တွန်းနိုးဆော်ခြင်းများ ပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် အရှေ့တောင်တိုင်းသာသနာဌာနချုပ်၏ ဦးဆောင်မှုဖြင့် “Steps to Discipleship” တရားပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် “One Voice 27” အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ သာသနာ့နယ်များတွင် တိုက်တွန်းနိုးဆော်ခြင်းနှင့် ဆုတောင်းခြင်းအစီအစဉ်များကို ဇွန်လ ၂၈ ရက်နေ့က တစ်ပြိုင်နက်နီးပါး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ မြဝတီသာသနာ့နယ်အတွင်း ဆောင်ရွက်ချက်များ ဇွန်လ ၂၈ ရက်နေ့တွင် မြဝတီသာသနာ့နယ်၊ ထီးဖိုးသန်အသင်းတော်၌ အမှုတော်ဆောင်များတွေ့ဆုံပွဲကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် Steps to Discipleship တရားပွဲများကို သက်ဆိုင်ရာအသင်းတော်များ၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် တိုက်တွန်းအားပေးခဲ့ပြီး One Voice 27 အတွက် လိုအပ်သည့် ပြင်ဆင်မှုများအား အသင့်ဖြစ်စေရန် လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။…

Read MoreLong right arrow

အရှေ့တောင်တိုင်းသာသနာဌာနချုပ်မှ တနင်္သာရီဓမ္မကျမ်းစာကျောင်းသို့ ကွင်းဆင်းလေ့လာပြီး ပညာရေးအရည်အသွေးမြှင့်တင်ရန် ဆွေးနွေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် အရှေ့တောင်တိုင်းသာသနာဌာနချုပ်၏ ကြီးကြပ်မှုအောက်ရှိ တနင်္သာရီဓမ္မကျမ်းစာကျောင်း၏ ပညာရေးစံနှုန်းများ တိုးတက်မြင့်မားလာစေရန်နှင့် အနာဂတ်သာသနာ့လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ရည်ရွယ်၍ ဌာနချုပ်မှ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာခြင်းနှင့် နိုးဆော်ခြင်းအစီအစဉ်များကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ပညာရေးစံနှုန်းများ မြှင့်တင်ခြင်း အဆိုပါကွင်းဆင်းလေ့လာခြင်းအစီအစဉ်တွင် အရှေ့တောင်တိုင်းသာသနာဌာနချုပ် ဥက္ကဋ္ဌနှင့် ပညာရေးသာသနာဌာန ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်နေသူ ပါစတာဦးခွန်ဝင်းကိုကို နှင့် လူငယ်နှင့် သာသနာ့ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ပါစတာဦးဆန်းဦး တို့မှ တက်ရောက်ခဲ့ကြသည်။ ၎င်းတို့သည် တနင်္သာရီဓမ္မကျမ်းစာကျောင်း၏ လက်ရှိသင်ကြားရေးအခြေအနေများကို လေ့လာခဲ့ပြီး ပညာရေးဌာနမှ ပြဋ္ဌာန်းထားသော စံနှုန်းများနှင့်အညီ ကိုက်ညီစေရန် လိုအပ်သည့်အချက်များကို ကျောင်းတာဝန်ရှိသူများနှင့်အတူ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ထို့အပြင် ကျောင်းတော်၏ တိုးတက်မှုနှင့် အမှုတော်ဆောင်များအတွက် … Continued

Read MoreLong right arrow

Video News (25 June 2026) မြော်လင့်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ လှုပ်ရှားမှု ဗီဒီယိုသတင်း_ 20260625_News

Read MoreLong right arrow

Video News (12 June 2026)

မြော်လင့်ခြင်း – မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ လှုပ်ရှားမှု ဗီဒီယိုသတင်း_ 20260612_News

Read MoreLong right arrow